မည်သူမဆို တရားမမှုတွင်ဖြစ်စေ၊ ရာဇဝတ်မှုတွင်ဖြစ်စေ သူတစ်ပါးအယောင်ဆောင်၍ ထိုကဲ့သို့ အယောင်ဆောင်အနေနှင့် မဟုတ်မမှန်ဘဲလျက် ဝန်ခံချက်ကိုဖြစ်စေ၊ ထွက်ဆိုချက်ကိုဖြစ်စေပြုလျှင် သို့မဟုတ် စွဲချက်အတိုင်းဖြောင့်ဆိုလျှင် သို့မဟုတ် အမိန့်ဆင့်စာကို ထုတ်စေလျှင် သို့မဟုတ် အာမခံ ဖြစ်စေ၊ ခံဝန်သူဖြစ်စေပြုလျှင် သို့မဟုတ် အခြားပြုလုပ်မှုကိုပြုလျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။