မည်သူမဆို တရားမျှတသော သို့မဟုတ် ဥပဒေနှင့်ညီသောအကြောင်းပြချက် မရှိဟု သိလျက်နှင့် သူတစ်ဦးဦးအား နစ်နာစေရန်အကြံဖြင့် ထိုသူကို ရာဇဝတ်မှုစွဲဆိုလျှင် သို့မဟုတ် စွဲဆိုစေလျှင် သို့မဟုတ် ထိုသူကို ပြစ်မှုကျူးလွန်သည်ဟု မမှန်စွပ်စွဲလျှင် ထိုသူကို နှစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ထို့ပြင် ထိုသို့ ရာဇဝတ်မှုစွဲဆိုခြင်းသည် သေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ခုနစ်နှစ် သို့မဟုတ် ခုနစ်နှစ်ထက်ပိုသော ထောင်ဒဏ်ဖြစ်စေ ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်သည်ဟု မမှန်စွပ်စွဲ၍ စွဲဆိုခြင်းဖြစ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။