ပုဒ်မ ၂၂၁
ပုဒ်မ ၂၂၁
ဖမ်းဆီးရန် တာဝန်ရှိသော ပြည်သူ့ဝန်ထမ်းက မဖမ်းဆီးဘဲ တမင်ပျက်ကွက်ခြင်း

ပြစ်မှုနှင့်စွဲဆိုခံရသူ သို့မဟုတ် ပြစ်မှုအတွက် ဖမ်းဆီးခံထိုက်သူကို ဖမ်းဆီးရန် သို့မဟုတ် ချုပ်ထားရန် ဥပဒေနှင့်အညီတာဝန်ရှိသော ပြည်သူ့ဝန်ထမ်းသည် ထိုသူကို မဖမ်းဆီးဘဲ တမင်ပျက်ကွက်လျှင် သို့မဟုတ် ထွက်ပြေးသည်ကို တမင်လျစ်လျူရှုလျှင် သို့မဟုတ် အချုပ်မှ ထွက်ပြေးသည်ကိုဖြစ်စေ၊ ထွက်ပြေးရန် အားထုတ်သည်ကိုဖြစ်စေ တမင်ကူညီလျှင် ထိုပြည်သူ့ဝန်ထမ်းကို အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ရမည် —

အချုပ်ခံရသူသည် သို့မဟုတ် ပြစ်မှုအတွက်ဖမ်းဆီးခံထိုက်သူသည် သေဒဏ်ထိုက်သော ပြစ်မှုနှင့် စွဲဆိုခံရလျှင် သို့မဟုတ် ထိုပြစ်မှုနှင့် ဖမ်းဆီးခံထိုက်လျှင် ငွေဒဏ်နှင့်ဖြစ်စေ၊ ငွေဒဏ်မပါဘဲဖြစ်စေ ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည်။ သို့မဟုတ်

အချုပ်ခံရသူသည် သို့မဟုတ် ပြစ်မှုအတွက်ဖမ်းဆီးခံထိုက်သူသည် ထောင်ဒဏ် နှစ်နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ ထိုက်သောပြစ်မှုနှင့် စွဲဆိုခံရလျှင် သို့မဟုတ် ထိုပြစ်မှုနှင့် ဖမ်းဆီးခံထိုက် လျှင် ငွေဒဏ်နှင့်ဖြစ်စေ၊ ငွေဒဏ်မပါဘဲဖြစ်စေ သုံးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည်။ သို့မဟုတ်

အချုပ်ခံရသူသည် သို့မဟုတ် ပြစ်မှုအတွက် ဖမ်းဆီးခံထိုက်သူသည် ဆယ်နှစ်အောက် လျော့သည့် ထောင်ဒဏ်ထိုက်သော ပြစ်မှုမျိုးနှင့် စွဲဆိုခံရလျှင် သို့မဟုတ် ထိုပြစ်မှုနှင့် ဖမ်းဆီးခြင်း ခံထိုက်လျှင် ငွေဒဏ်နှင့်ဖြစ်စေ၊ ငွေဒဏ်မပါဘဲဖြစ်စေ နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည်။



ကျင့်ထုံး