လူအများအား စစ်ဆေးစီရင်စေခြင်းအတွက်သော်လည်းကောင်း၊ ချုပ်ထားစေခြင်းအတွက်သော် လည်းကောင်း လွှဲအပ်တင်ပို့ရန် သို့မဟုတ် ချုပ်နှောင်ထားရန် ဥပဒေနှင့်အညီ အာဏာရှိသော ရာထူး တစ်ခုခု၌ ထမ်းဆောင်နေသူသည် ထိုအာဏာကို အသုံးပြုရာတွင် ဥပဒေနှင့်ဆန့်ကျင်၍ မိမိဆောင်ရွက် ကြောင်းသိလျက်နှင့် တရားမဲ့စွာ သို့မဟုတ် မသမာစိတ်ဖြင့် သူတစ်ဦးဦးအား စစ်ဆေးစီရင်စေခြင်း အတွက်သော်လည်းကောင်း၊ ချုပ်ထားစေခြင်းအတွက်သော်လည်းကောင်း လွှဲအပ်တင်ပို့လျှင် သို့မဟုတ် ချုပ်နှောင်ထားလျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။