ပုဒ်မ ၂၀၉
ပုဒ်မ ၂၀၉
မရိုးမဖြောင့်သောသဘောနှင့် တရားရုံးတွင် မမှန်သောတောင်းဆိုချက်ပြုခြင်း

မည်သူမဆို လိမ်လည်လှည့်ဖြားလိုသော သဘောနှင့်ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောနှင့်ဖြစ်စေ သူတစ်ဦးဦးကို နစ်နာစေရန် သို့မဟုတ် စိတ်ငြိုငြင်စေရန် အကြံနှင့်ဖြစ်စေ တရားရုံးတွင် တောင်းဆိုချက် တစ်ခုခုကို မမှန်ကြောင်းသိလျက်နှင့်ပြုလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။


ကျင့်ထုံး

  1. ရဲအရေးမပိုင်။
  2. ကနဦးကပင် ဝရမ်းထုတ်ဆင့် ဖမ်းဆီးနိုင်သည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် ။
  6. ရာကျင့် ၁၉၅ (၁)(ခ) ကို လိုက်နာရသည်။