မည်သူမဆို မိမိအား စွဲဆိုသောပြစ်မှုတွင်ဖြစ်စေ၊ ထင်ရှားစီရင်ခြင်းခံရသော ပြစ်မှုတွင် ဖြစ်စေ ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို တမင်ခုခံလျှင် သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်၍ ဟန့်တားလျှင် သို့မဟုတ် ထိုပြစ်မှုအတွက် ဥပဒေနှင့်အညီချုပ်ထားရာမှ လွတ်ပြေးလျှင် သို့မဟုတ် လွတ်ပြေးရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ရှင်းလင်းချက်။ ဤပုဒ်မ၌ပါသော ပြစ်ဒဏ်သည် စွဲဆိုခံရသောပြစ်မှုတွင်ဖြစ်စေ၊ ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရသော ပြစ်မှုတွင်ဖြစ်စေ ဖမ်းဆီးခြင်းခံရမည့်သူ ခံထိုက်သော သို့မဟုတ် အချုပ်ခံရသူ ခံထိုက်သော ပြစ်ဒဏ်အပြင် ထပ်ဆောင်းခံရမည့် ပြစ်ဒဏ်ဖြစ်သည်။