ပုဒ်မ ၂၁၆-က
ပုဒ်မ ၂၁၆-က
လုယက်သူများကိုဖြစ်စေ၊ ဓားပြများကိုဖြစ်စေ လက်သင့်ခံခြင်းအတွက်ပြစ်ဒဏ်

အချို့သောသူတို့က လုယက်မှုကိုဖြစ်စေ၊ ဓားပြမှုကိုဖြစ်စေ ကျူးလွန်တော့ မည်ဟု သော်လည်းကောင်း၊ မကြာသေးမီက ကျူးလွန်ခဲ့ပြီး ဖြစ်သည်ဟုသော်လည်းကောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ ထိုလုယက်မှု ကျူးလွန်ခြင်းကို သော်လည်းကောင်း၊ ထိုဓားပြမှု ကျူးလွန်ခြင်းကိုသော်လည်းကောင်း၊ လွယ်ကူစေရန်အကြံဖြင့် သို့မဟုတ် ထိုသူအားလုံးကို သော် လည်းကောင်း၊ တစ်ဦးဦးကိုသော်လည်းကောင်း ပြစ်ဒဏ် ချမှတ်ခြင်းမှ ကာကွယ်ရန်အကြံဖြင့် မည်သူမဆို ထိုသူအားလုံးကိုဖြစ်စေ၊ တစ်ဦးဦးကိုဖြစ်စေ လက်သင့်ခံလျှင် ထိုသူကို ခုနစ်နှစ်ထိ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက်။ ဤပုဒ်မအလို့ငှာ လုယက်မှုဖြစ်စေ၊ ဓားပြမှုဖြစ်စေ ကျူးလွန်ရန် ကြံစည်ခြင်းသည် သို့မဟုတ် ကျူးလွန်ခဲ့ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ဖြစ်သည် သို့မဟုတ် အပ၌ဖြစ်သည် ဟူသောအချက်မှာ အရေးပါအရာရောက်သော အချက်မဟုတ်။

ကင်းလွတ်ချက်။ ဤပြဋ္ဌာန်းချက်သည် ပြစ်မှုကျူးလွန်သူက လင်ဖြစ်လျှင် မယားက ထိုလင်ကို လက်သင့် ခံခြင်း နှင့်သော်လည်းကောင်း၊ ပြစ်မှုကျူးလွန်သူက မယားဖြစ်လျှင် လင်က ထိုမယားကို လက်သင့်ခံခြင်း နှင့်သော်လည်းကောင်း မသက်ဆိုင်။



ကျင့်ထုံး
  1. ရဲအရေးပိုင်သည်။
  2. ကနဦးကပင် သမ္မာန်စာထုတ်ဆင့်ရမည်။
  3. အာမခံ မပေးနိုင်။
  4. ကျေအေးခွင့် မရှိ
  5. ခရိုင်တရားရုံး၊ပထမတန်းအာဏာရ တရားသူကြီး၊ ဒုတိယတန်းအာဏာရ တရားသူကြိးက စစ်ဆေးနိုင်သည် စစ်ဆေးနိုင်သည်။