မည်သူမဆို ပုဒ်မ ၂၂၄ သို့မဟုတ် ၂၂၅ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်၌ ပြဋ္ဌာန်းခြင်း မရှိသော အမှုတစ်ခုခုတွင် မိမိကိုဖြစ်စေ၊ အခြားသူကိုဖြစ်စေ ဥပဒေနှင့်အညီ ဖမ်းဆီးသည်ကို တမင် ခုခံလျှင် သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်၍ ဟန့်တားလျှင် သို့မဟုတ် ဥပဒေနှင့်အညီ ချုပ်ထားရာမှ လွတ်ပြေးလျှင် သို့မဟုတ် လွတ်ပြေးရန် အားထုတ်လျှင် သို့မဟုတ် အခြားသူတစ်ဦးဦးကို ဥပဒေနှင့်အညီ ချုပ်နှောင်ထားရာမှ ကယ်လွှတ်လျှင် သို့မဟုတ် ကယ်လွှတ်ရန် အားထုတ်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။