ပုဒ်မ ၂၃၀
“ဒင်္ဂါး” အဓိပ္ပာယ် ဖော်ပြချက်
ပုဒ်မ ၂၃၂
ပြည်ထောင်စု မြန်မာနိုင်ငံ ဒင်္ဂါးကို အတုပြုခြင်း
ပုဒ်မ ၂၃၃
ဒင်္ဂါးအတုပြုသည့် ကိရိယာကို ပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း
ပုဒ်မ ၂၃၄
ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးအတုပြုသည့် ကိရိယာကိုပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း
ပုဒ်မ ၂၃၅
ဒင်္ဂါးအတုပြုမှုအတွက် သုံးစွဲရန်အလို့ငှာ ကိရိယာကိုဖြစ်စေ၊ ဝတ္ထုပစ္စည်းကိုဖြစ်စေလက်ရှိထားခြင်း
ပုဒ်မ ၂၃၆
ပြည်ထောင်စု မြန်မာနိုင်ငံအပတွင် ဒင်္ဂါးအတုပြုသည်ကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှ အားပေး ကူညီခြင်း
ပုဒ်မ ၂၃၇
ဒင်္ဂါးအတုကို နိုင်ငံအတွင်းသို့ သွင်းခြင်း သို့မဟုတ် အပသို့ ထုတ်ခြင်း
ပုဒ်မ ၂၃၈
်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးအတုကို နိုင်ငံတော်အတွင်းသို့ သွင်းခြင်း သို့မဟုတ် အပသို့ထုတ်ခြင်း
ပုဒ်မ ၂၃၉
လက်ရှိရထားသော ဒင်္ဂါးသည် အတုဖြစ်မှန်း သိလျက်နှင့် ထိုဒင်္ဂါးကို ပေးအပ်ခြင်း
ပုဒ်မ ၂၄၀
လက်ရှိရထားသော ဒင်္ဂါးသည် ပြည်ထောင်စု မြန်မာနိုင်ငံ ဒင်္ဂါးအတုဖြစ် မှန်းသိလျက်နှင့် ထိုဒင်္ဂါးကို ပေးအပ်ခြင်း
ပုဒ်မ ၂၄၁
ပထမလက်ဝယ်ရရှိစဉ်က အတုဖြစ်မှန်းမသိသော ဒင်္ဂါးကို ဒင်္ဂါးအစစ်အနေဖြင့်ပေးအပ်ခြင်း
ပုဒ်မ ၂၄၂
လက်ဝယ်ရရှိစဉ်က ဒင်္ဂါးအတုမှန်းသိလျက်နှင့် ထိုသူ၏ လက်ရှိထားခြင်း
ပုဒ်မ ၂၄၃
လက်ဝယ်ရရှိစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးအတုမှန်းသိလျက်နှင့် ထိုသူ၏ လက်ရှိထားခြင်း
ပုဒ်မ ၂၄၄
ဒင်္ဂါးစက်ရုံတွင် လုပ်ကိုင်သူက ဒင်္ဂါးကို ဥပဒေပြဋ္ဌာန်းထားသော အလေးချိန်ဖြစ်စေ၊ သတ္တုအရော အစပ် ဖြစ်စေ ကွဲလွဲစေခြင်း
ပုဒ်မ ၂၄၅
ဒင်္ဂါးစက်ရုံမှ ဒင်္ဂါးသွန်းကိရိယာကို ဥပဒေနှင့်ဆန့်ကျင်၍ ထုတ်ယူခြင်း
ပုဒ်မ ၂၄၆
လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ ဒင်္ဂါး၏ အလေးချိန်ကို လျှော့ပေါ့ခြင်း သို့မဟုတ် သတ္တုအရောအစပ်ကိုပြောင်းလဲခြင်း
ပုဒ်မ ၂၄၇
လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့် သောသဘောဖြင့်ဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံဒင်္ဂါး၏အလေးချိန်ကို လျှော့ပေါ့ခြင်း သို့မဟုတ် သတ္တုအရော အစပ်ကိုပြောင်းလဲခြင်း
ပုဒ်မ ၂၄၈
ကွဲလွဲသောအမျိုးအစားအဖြစ်ဖြင့် သုံးစွဲနိုင်ရန် အကြံဖြင့် ဒင်္ဂါး၏ အသွင်အပြင်ကိုပြောင်းလဲခြင်း
ပုဒ်မ ၂၄၉
ကွဲလွဲသော အမျိုးအစားအဖြစ်ဖြင့် သုံးစွဲနိုင်ရန်အကြံဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံဒင်္ဂါး အသွင်အပြင်ကို ပြောင်းလဲခြင်း
ပုဒ်မ ၂၅၀
လက်ရှိထားသောဒင်္ဂါးကို ပြောင်းလဲထားကြောင်းသိလျက်နှင့် ပေးအပ်ခြင်း
ပုဒ်မ ၂၅၁
လက်ရှိထားသော ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးကိုပြောင်းလဲထား ကြောင်းသိလျက်နှင့်ပေးအပ်ခြင်း
ပုဒ်မ ၂၅၂
လက်ဝယ်ရရှိစဉ်က ပြောင်းလဲ ထားသော ဒင်္ဂါးမှန်းသိလျက်နှင့် လက်ဝယ်ထားရှိခြင်း
ပုဒ်မ ၂၅၃
လက်ဝယ်ရရှိစဉ်က ပြောင်းလဲထားသော ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးမှန်း သိလျက်နှင့် လက်ရှိထား ခြင်း
ပုဒ်မ ၂၅၄
ပထမလက်ဝယ်ရရှိစဉ်က ပြောင်းလဲထားမှန်းမသိသော ဒင်္ဂါးကို အစစ်အနေဖြင့်ပေးအပ်ခြင်း
ပုဒ်မ ၂၅၅
အစိုးရတံဆိပ်ခေါင်းကို အတုပြုခြင်း
ပုဒ်မ ၂၅၆
အစိုးရတံဆိပ်ခေါင်းကို အတုပြုရန် ကိရိယာကိုဖြစ်စေ၊ ဝတ္ထုပစ္စည်းကိုဖြစ်စေ လက်ရှိထားခြင်း
ပုဒ်မ ၂၅၇
အစိုးရတံဆိပ်ခေါင်းကို အတုပြုရန် ကိရိယာ ပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း
ပုဒ်မ ၂၅၈
အစိုးရတံဆိပ်ခေါင်း အတုကို ရောင်းချခြင်း
ပုဒ်မ ၂၅၉
အစိုးရတံဆိပ်ခေါင်းအတုကို လက်ရှိထားခြင်း
ပုဒ်မ ၂၆၀
အစိုးရတံဆိပ်ခေါင်းအတုမှန်းသိလျက်အစစ်အမှန်အဖြစ်ဖြင့် သုံးစွဲခြင်း
ပုဒ်မ ၂၆၁
အစိုးရကိုဆုံးရှုံးစေရန်အကြံဖြင့် အစိုးရတံဆိပ်ခေါင်းတွင်ပါရှိသည့် အရာဝတ္ထုမှ အရေးအသားကို ဖျက်ပစ် ခြင်း သို့မဟုတ် စာတမ်းအမှတ်အသားတွင် သုံးစွဲထားသောတံဆိပ်ခေါင်းကို ခွာပစ်ခြင်း
ပုဒ်မ ၂၆၂
အစိုးရတံဆိပ်ခေါင်းကို ယခင်က သုံးစွဲပြီးဖြစ်ကြောင်း သိလျက်နှင့် သုံးစွဲခြင်း
ပုဒ်မ ၂၆၃
တံဆိပ်ခေါင်းသုံးစွဲပြီးဖြစ်ကြောင်း အမှတ်အသားကို ဖျက်ပစ်ခြင်း
ပုဒ်မ ၂၆၃-က
အစစ်အမှန်မဟုတ်သောတံဆိပ်ခေါင်းများကို တားမြစ်ခြင်း