မည်သူမဆိုပုဒ်မ ၂၄၇ တွင်ဖြစ်စေ၊ ပုဒ်မ ၂၄၉ တွင်ဖြစ်စေ ဖော်ပြပါရှိသည့် ပြစ်မှုကို ကျူးလွန်၍ ပြုထားသောဒင်္ဂါးကို လက်ရှိထားရာ လက်ဝယ်ရရှိစဉ်က ထိုဒင်္ဂါးနှင့် စပ်လျဉ်း၍ ပြစ်မှုကျူးလွန်ပြီး ကြောင်း သိလျက်နှင့် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန် နိုင်စေရန် အကြံဖြင့်ဖြစ်စေ ထိုဒင်္ဂါးကို လက်ရှိထားလျှင် ထိုသူကို ငါးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။