ပုဒ်မ ၂၆၂
ပုဒ်မ ၂၆၂
အစိုးရတံဆိပ်ခေါင်းကို ယခင်က သုံးစွဲပြီးဖြစ်ကြောင်း သိလျက်နှင့် သုံးစွဲခြင်း

မည်သူမဆို လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ၊ အစိုးရကို ဆုံးရှုံးစေရန် အကြံဖြင့် ဖြစ်စေ အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်းကို ယခင်က သုံးစွဲပြီးဖြစ်ကြောင်း သိလျက် နှင့် ကိစ္စ တစ်ခုခု အလို့ငှာ သုံးစွဲလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေ ချမှတ်ရမည်။