မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်း၏ အတုဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ထိုတံဆိပ်ခေါင်းအတုကို ရောင်းချလျှင် သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။