ပုဒ်မ ၂၃၄
ပုဒ်မ ၂၃၄
ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးအတုပြုသည့် ကိရိယာကိုပြုလုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း

မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးအတုပြုမှုကိစ္စအလို့ငှာ အသုံးပြုရန်ဖြစ်စေ၊ ထိုသို့ အသုံး ပြုရန် ကြံရွယ်သည်ကိုသိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ဒင်္ဂါးသွန်းရန်ပုံကို သို့မဟုတ် ကိရိယာကိုပြုလုပ်လျှင် သို့မဟုတ် ပြင်ဆင်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းကိုဖြစ်စေ၊ ပြင်ဆင်ခြင်းကိုဖြစ်စေ ပြုရာတွင်ပါဝင်သည့် ပြုလုပ်မှုတစ်ခုခုကိုသော်လည်းကောင်း၊ ပြင်ဆင်မှု တစ်ခုခုကို သော်လည်းကောင်း၊ ပြုလျှင် သို့မဟုတ် ဒင်္ဂါးသွန်းရန် ပုံကိုဖြစ်စေ၊ ကိရိယာကိုဖြစ်စေ ဝယ်ယူခြင်းကို သော်လည်းကောင်း၊ ရောင်းချခြင်းကို သော်လည်းကောင်း၊ စီမံခန့်ခွဲခြင်းကို သော်လည်းကောင်း ပြုလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။