(၁) မည်သူမဆို -
(က) အစစ်အမှန်မဟုတ်သော တံဆိပ်ခေါင်းကို ပြုလုပ်လျှင် သို့မဟုတ် သိလျက်နှင့် ဖြန့်ချိသုံးစွဲလျှင် သို့မဟုတ် အရောင်းအဝယ်ပြုလျှင် သို့မဟုတ် ရောင်းချလျှင် သို့မဟုတ် သိလျက်နှင့် စာပို့ခြင်းကိစ္စအလို့ငှာ အသုံးပြုလျှင်၊ သို့မဟုတ်
(ခ) ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ အစစ်အမှန်မဟုတ်သော တံဆိပ်ခေါင်း ကို လက်ရှိထားလျှင်၊ သို့မဟုတ်
(ဂ) အစစ်အမှန်မဟုတ်သော တံဆိပ်ခေါင်းကိုပြုလုပ်ရန် ဖောင်းကြွ တံဆိပ်တုံးကိုဖြစ်စေ၊ ပလိတ်ပြားကို ဖြစ်စေ၊ ကိရိယာကိုဖြစ်စေ၊ ဝတ္ထုပစ္စည်းကိုဖြစ်စေ ပြုလုပ်လျှင် သို့မဟုတ် ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ လက်ရှိထားလျှင် ထိုသူကို ကျပ်နှစ်သောင်းထိ ငွေဒဏ်ချမှတ်ရမည်။
(၂) အစစ်အမှန်မဟုတ်သော တံဆိပ်ခေါင်းကိုဖြစ်စေ၊ အစစ်အမှန်မဟုတ်သော တံဆိပ်ခေါင်းကို ပြုလုပ်ရန် ဖောင်းကြွတံဆိပ်တုံးကို သို့မဟုတ် ပလိပ်ပြားကို သို့မဟုတ် ကိရိယာကို သို့မဟုတ် ဝတ္ထုပစ္စည်းကိုဖြစ်စေ လက်ရှိထားသူ တစ်ဦးဦးထံမှ သိမ်းယူနိုင်သည့်အပြင် ထိုပစ္စည်းများကို အစိုးရ ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
(၃) ဤပုဒ်မတွင် “အစစ်အမှန်မဟုတ်သော တံဆိပ်ခေါင်း” ဆိုသည်မှာ စာပို့ခနှုန်းကို ဖော်ပြရန်အလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်းအနေမျိုး သဘောမမှန်သောနည်းဖြင့် သက်ရောက်နေသော တံဆိပ်ခေါင်းကို သော်လည်းကောင်း၊ ဆိုခဲ့သည့်ကိစ္စအလို့ငှာ အစိုးရထုတ်တံဆိပ်ခေါင်း တစ်ခုခုကို စက္ကူပေါ်တွင်ဖြစ်စေ၊ အခြားနည်းဖြစ်စေ ပုံထပ်တူပြုခြင်းကို သို့မဟုတ် အတုပြုခြင်းကို သို့မဟုတ် ပုံသဏ္ဌာန်ပြုခြင်းကို သော်လည်းကောင်း ဆိုလိုသည်။
(၄) * * *