ဒင်္ဂါး”ဆိုသည်မှာ ငွေကြေးအဖြစ်ဖြင့် အခါအားလျော်စွာ သုံးစွဲစေရန် အစိုးရ၏ သို့မဟုတ် အချုပ်အခြာအာဏာပိုင်၏ အခွင့်အာဏာဖြင့် တံဆိပ်ခတ်နှိပ် ထုတ်ဝေသော သတ္ထုဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါး
“ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါး” ဆိုသည်မှာ ငွေကြေးအဖြစ်သုံးစွဲရန် အစိုးရ၏ အခွင့်အာဏာဖြင့် တံဆိပ်ခတ်နှိပ်ထားသော သို့မဟုတ် ထုတ်ဝေထားသော သတ္ထုဖြစ်သည်။ ထိုသို့ တံဆိပ်ခတ်နှိပ်ထားသော သို့မဟုတ် ထုတ်ဝေထားသော သတ္တုသည် ငွေကြေးအဖြစ် သုံးစွဲခြင်းမှ ရပ်စဲပြီးဖြစ်စေကာမူ ဤအခန်းပါ ကိစ္စအလို့ငှာ ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါး အဖြစ်ဖြင့် ဆက်လက်တည်ရှိစေရမည်။
ဥပမာများ
(က) ကြွေစေ့များသည် ဒင်္ဂါးမဟုတ်။
(ခ) တံဆိပ်ခတ်နှိပ်ထားခြင်းမရှိသော ကြေးနီအတုံးအခဲများသည် ငွေကြေးအဖြစ်ဖြင့် သုံးစွဲသော်လည်း ဒင်္ဂါးမဟုတ်။
(ဂ) ဆုတံဆိပ်များသည် ငွေကြေးအဖြစ်ဖြင့် သုံးစွဲရန် ရည်ရွယ်ရင်းမရှိသောကြောင့် ဒင်္ဂါးမဟုတ်။