ပုဒ်မ ၂၃၂
ပုဒ်မ ၂၃၂
ပြည်ထောင်စု မြန်မာနိုင်ငံ ဒင်္ဂါးကို အတုပြုခြင်း

မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးကို အတုပြုလျှင် သို့မဟုတ် ထိုသို့ အတုပြုရာတွင် ပါဝင်သည့် ပြုလုပ်မှုတစ်ခုခုကို သိလျက်နှင့်ပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။