မည်သူမဆို လက်ရှိရထားသော ဒင်္ဂါးအတုသည် လက်ဝယ်ရရှိစဉ်က ဒင်္ဂါးအတု ဖြစ်မှန်းသိလျက် နှင့် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ရန်အကြံဖြင့် ဖြစ်စေ ထိုဒင်္ဂါးအတုကို သူတစ်ဦးဦးသို့ ပေးအပ်လျှင် သို့မဟုတ် သူတစ်ဦးဦးကို လက်ခံအောင် သွေးဆောင်ရန် အားထုတ်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်။