ပုဒ်မ ၂၄၂
ပုဒ်မ ၂၄၂
လက်ဝယ်ရရှိစဉ်က ဒင်္ဂါးအတုမှန်းသိလျက်နှင့် ထိုသူ၏ လက်ရှိထားခြင်း

မည်သူမဆို လက်၀ယ်ရရှိစဉ်က ဒင်္ဂါးအတုမှန်း သိလျက်နှင့် လိမ်လည်လှည့်ဖြား လိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ရန်အကြံဖြင့်ဖြစ်စေ ထိုဒင်္ဂါး အတုကို လက်ရှိ ထားလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။