ပုဒ်မ ၂၄၇
ပုဒ်မ ၂၄၇
လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့် သောသဘောဖြင့်ဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံဒင်္ဂါး၏အလေးချိန်ကို လျှော့ပေါ့ခြင်း သို့မဟုတ် သတ္တုအရော အစပ်ကိုပြောင်းလဲခြင်း

မည်သူမဆိုလိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးအလေးချိန်လျော့အောင် သို့မဟုတ် ဒင်္ဂါး၏ သတ္တုအရောအစပ်ကို ပြောင်းလဲအောင်ဆောင်ရွက်ချက် တစ်ခုခုပြုလုပ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။