မည်သူမဆို ဒင်္ဂါးအတုပြုလုပ်လျှင် သို့မဟုတ် ထိုသို့အတုပြုလုပ်ရာတွင်ပါဝင်သည့် ပြုလုပ်မှု တစ်ခုခုကို သိလျက်နှင့်ပြုလျှင် ထိုသူကိုခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။
ရှင်းလင်းချက်။ သူတစ်ဦးဦးသည် လှည့်ဖြားရန် အကြံနှင့်သော်လည်းကောင်း၊ လှည့်ဖြားခြင်း ဖြစ်တန်ရာ သည်ကို သိလျက်နှင့်သော်လည်းကောင်း ဒင်္ဂါးအစစ်ကို ခြားနားသော ဒင်္ဂါးတစ်မျိုးနှင့် တူအောင်ပြုလုပ် လျှင် ထိုသူသည် ဤပုဒ်မကို ကျူးလွန်သည်။