ပုဒ်မ ၂၄၃
ပုဒ်မ ၂၄၃
လက်ဝယ်ရရှိစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးအတုမှန်းသိလျက်နှင့် ထိုသူ၏ လက်ရှိထားခြင်း

မည်သူမဆို လက်ဝယ်ရရှိစဉ်က ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးအတုမှန်းသိလျက်နှင့် လိမ်လည် လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ရန် အကြံဖြင့်ဖြစ်စေ ထိုဒင်္ဂါး အတုကို လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။