ပုဒ်မ ၂၆၀
ပုဒ်မ ၂၆၀
အစိုးရတံဆိပ်ခေါင်းအတုမှန်းသိလျက်အစစ်အမှန်အဖြစ်ဖြင့် သုံးစွဲခြင်း

မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်း၏ အတုဖြစ်ကြောင်းသိလျက်နှင့် ထိုတံဆိပ်ခေါင်းအတုကို အစစ်အဖြစ်ဖြင့် သုံးစွဲလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။