မည်သူမဆို ဒင်္ဂါးအတုဖြစ်ကြောင်း သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန်အကြောင်း ရှိလျက်နှင့် ထိုဒင်္ဂါး အတုကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ သွင်းလျှင် သို့မဟုတ် အပသို့ထုတ်လျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။