မည်သူမဆို ပုဒ်မ ၂၄၆ တွင် သို့မဟုတ် ပုဒ်မ ၂၄၈ တွင် ဖော်ပြပါရှိသည့် ပြစ်မှုကို ကျူးလွန်၍ ပြုထားသော ဒင်္ဂါးကို လက်ရှိထားရာ လက်ဝယ်ရစဉ်က ထိုဒင်္ဂါးနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်ပြီးကြောင်း သိလျက်နှင့် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်နိုင် စေရန် အကြံဖြင့်ဖြစ်စေ ထိုဒင်္ဂါးကို အခြားသူတစ်ဦးသို့ ပေးအပ်လျှင် သို့မဟုတ် အခြားသူတစ်ဦး လက်ခံအောင် သွေးဆောင်ရန် အားထုတ်လျှင် ထိုသူကို ငါးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။