လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ၊ အစိုးရကိုဆုံးရှုံးစေရန်အကြံဖြင့်ဖြစ်စေ၊ အရေး အသားတစ်ခုအတွက် သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုအတွက် အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်း သုံးစွဲပါရှိသော အရာဝတ္ထုမှ ထိုအရေးအသားကိုဖြစ်စေ၊ ထိုစာတမ်းအမှတ်အသားကိုဖြစ်စေ မည်သူမဆို ခွာပစ်လျှင် သို့မဟုတ် ဖျက်ပစ်လျှင် သို့မဟုတ် ဆိုခဲ့သောတံဆိပ်ခေါင်းကို အခြားအရေး အသားတွင် သို့မဟုတ် အခြားစာတမ်းအမှတ်အသားတွင် သုံးစွဲရန်ဆိုခဲ့သော တံဆိပ်ခေါင်း ရှိရင်းဖြစ်သော အရေးအသားမှ သို့မဟုတ် စာတမ်းအမှတ်အသားမှခွာပစ်လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။