မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ဥပဒေနှင့်အညီ တည်ထောင်သည့် ဒင်္ဂါးစက်ရုံတွင် လုပ်ကိုင်သူဖြစ်၍ ထိုဒင်္ဂါးစက်ရုံမှ ထုတ်သောဒင်္ဂါး တစ်ခုခုကို ဥပဒေပြဋ္ဌာန်းထားသော အလေးချိန်မှ ဖြစ်စေ၊ သတ္ထုအရောအစပ်မှဖြစ်စေ ကွဲလွဲစေရန် အကြံဖြင့် ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် သို့မဟုတ် ဥပဒေ နှင့်အညီ ပြုရန် တာဝန်ရှိသည်ကို ပျက်ကွက်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရ မည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။