မည်သူမဆို ပုဒ်မ ၂၄၆ တွင်ဖြစ်စေ၊ ပုဒ်မ ၂၄၈ တွင်ဖြစ်စေ ဖော်ပြပါရှိသည့် ပြစ်မှုကို ကျူးလွန်၍ ပြုထားသော ဒင်္ဂါးကို လက်ရှိထားရာ လက်ဝယ်ရရှိစဉ်က ထိုဒင်္ဂါးနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန် ပြီးကြောင်းသိလျက်နှင့် လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်နိုင်စေရန် အကြံဖြင့်ဖြစ်စေ ထိုဒင်္ဂါးကိုလက်ရှိထားလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။