မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ်တံဆိပ်ခေါင်းကို အတုပြုလုပ်မှုအတွက် သုံးစွဲရန် ဖြစ်စေ၊ သုံးစွဲရန် ကြံရွယ်ကြောင်းသိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိ လျက်နှင့်ဖြစ်စေ ကိရိယာ သို့မဟုတ် ပစ္စည်းတစ်ခုခုကို လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။