မည်သူမဆို ဒင်္ဂါးအတုပြုမှုကိစ္စအလို့ငှာ အသုံးပြုရန်ဖြစ်စေ၊ ထိုသို့အသုံးပြုရန် ကြံရွယ်သည်ကို သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ဒင်္ဂါးသွန်းရန် ပုံကို သို့မဟုတ် ကိရိယာ ကိုပြုလုပ်လျှင် သို့မဟုတ် ပြင်ဆင်လျှင် သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းကိုဖြစ်စေ၊ ပြင်ဆင်ခြင်းကိုဖြစ်စေ ပြုရာတွင်ပါဝင်သည့် ပြုလုပ်မှုတစ်ခုခုကိုသော်လည်းကောင်း၊ ပြင်ဆင်မှုတစ်ခုခုကိုသော်လည်းကောင်း ပြုလျှင် သို့မဟုတ် ဒင်္ဂါးသွန်းရန် ပုံကိုဖြစ်စေ၊ ကိရိယာကိုဖြစ်စေ ဝယ်ယူခြင်းကိုသော်လည်းကောင်း၊ ရောင်းချခြင်းကိုသော်လည်းကောင်း၊ စီမံခန့်ခွဲခြင်းကိုသော်လည်းကောင်းပြုလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။