ပုဒ်မ ၂၆၃
ပုဒ်မ ၂၆၃
တံဆိပ်ခေါင်းသုံးစွဲပြီးဖြစ်ကြောင်း အမှတ်အသားကို ဖျက်ပစ်ခြင်း

မည်သူမဆို လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ၊ အစိုးရကို ဆုံးရှုံးစေရန် အကြံဖြင့် ဖြစ်စေ၊ အခွန်ကိစ္စအလို့ငှာ အစိုးရထုတ်တံဆိပ်ခေါင်းမှ ထိုတံဆိပ်ခေါင်း သုံးစွဲပြီးဖြစ်ကြောင်း သိသာ ထင်ရှားစေရန်အလို့ငှာ မှတ်သားထားသော သို့မဟုတ် ခတ်နှိပ်ထားသောအမှတ်အသားကိုဖျက်ပစ်လျှင် သို့မဟုတ် ခွာပစ်လျှင် သို့မဟုတ် ထိုသို့အမှတ်အသား ဖျက်ပစ်ခြင်းခံရပြီးဖြစ်သော သို့မဟုတ် ခွာပစ်ခြင်း ခံရပြီးဖြစ်သော တံဆိပ်ခေါင်းမှန်းသိလျက်နှင့် ထိုတံဆိပ်ခေါင်းကို လက်ရှိထားလျှင် သို့မဟုတ် ရောင်းချ လျှင် သို့မဟုတ် စီမံခန့်ခွဲလျှင် သို့မဟုတ် သုံးစွဲပြီးဖြစ်ကြောင်းသိသည့် တံဆိပ်ခေါင်းကို ရောင်းချလျှင် သို့မဟုတ် စီမံခန့်ခွဲလျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။