ပုဒ်မ ၂၄၀
ပုဒ်မ ၂၄၀
လက်ရှိရထားသော ဒင်္ဂါးသည် ပြည်ထောင်စု မြန်မာနိုင်ငံ ဒင်္ဂါးအတုဖြစ် မှန်းသိလျက်နှင့် ထိုဒင်္ဂါးကို ပေးအပ်ခြင်း

မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးအတုဖြစ်၍ လက်ရှိရထားသည်လည်းဖြစ်သော ဒင်္ဂါး အတုသည် လက်ဝယ်ရရှိစဉ်က ပြည်ထောင်စုမြန်မာ နိုင်ငံဒင်္ဂါးအတု ဖြစ်မှန်းသိလျက်နှင့် လိမ်လည် လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်ရန်အကြံဖြင့််ဖြစ်စေ ထိုဒင်္ဂါးအတုကို သူတစ်ဦးဦးသို့ ပေးအပ်လျှင် သို့မဟုတ် သူတစ်ဦးဦးကို လက်ခံအောင် သွေးဆောင်ရန် အားထုတ်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။