မည်သူမဆို ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးအတုဖြစ်ကြောင်းသိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိလျက်နှင့် ထိုဒင်္ဂါးအတုကို ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်းသို့သွင်းလျှင် သို့မဟုတ် အပသို့ ထုတ်လျှင် ထိုသူကို ထောင်ဒဏ်အနှစ်နှစ်ဆယ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ် ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။