ပုဒ်မ ၂၅၄
ပုဒ်မ ၂၅၄
ပထမလက်ဝယ်ရရှိစဉ်က ပြောင်းလဲထားမှန်းမသိသော ဒင်္ဂါးကို အစစ်အနေဖြင့်ပေးအပ်ခြင်း

မည်သူမဆို ပုဒ်မ ၂၄၆၊ ၂၄၇၊ ၂၄၈ သို့မဟုတ် ၂၄၉ တွင် ဖော်ပြသည့်အတိုင်း တစ်ခုခု ပြုပြီးဖြစ်ကြောင်း လက်ဝယ်ရရှိစဉ်က မသိသော်လည်း ပေးအပ်သောအခါ သို့မဟုတ် သွေးဆောင်ရန် အားထုတ်သောအခါ ထိုသို့ပြုပြီးဖြစ်ကြောင်းသိသော ဒင်္ဂါးကို ဒင်္ဂါးအစစ် အနေဖြင့်သော်လည်းကောင်း၊ မူလဒင်္ဂါးအမျိုးအစားမှ ကွဲလွဲသော အခြားဒင်္ဂါး အနေဖြင့် သော်လည်းကောင်း၊ အခြားသူတစ်ဦးဦးအား ပေးအပ်လျှင် သို့မဟုတ် ဒင်္ဂါးအစစ်အနေဖြင့် သော်လည်းကောင်း၊ မူလဒင်္ဂါးအမျိုးအစားမှ ကွဲလွဲသော အခြားဒင်္ဂါးအနေဖြင့် သော်လည်းကောင်း အခြားသူတစ်ဦးဦးလက်ခံအောင် သွေးဆောင်ရန် အားထုတ် လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ သုံးစွဲရန် သို့မဟုတ် သုံးစွဲမှုအတွက် အားထုတ်ရန် ပြောင်းလဲခြင်းခံရသည့် ဒင်္ဂါးအစစ်၏ တန်ဖိုးဆယ်ဆထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။