ပုဒ်မ ၂၄၅
ပုဒ်မ ၂၄၅
ဒင်္ဂါးစက်ရုံမှ ဒင်္ဂါးသွန်းကိရိယာကို ဥပဒေနှင့်ဆန့်ကျင်၍ ထုတ်ယူခြင်း

မည်သူမဆို နိုင်ငံတော်တွင် ဥပဒေနှင့်အညီ တည်ထောင်သည့် ဒင်္ဂါးစက်ရုံမှ ဒင်္ဂါးသွန်း တန်ဆာ ပလာကိုဖြစ်စေ၊ ကိရိယာကိုဖြစ်စေ ဥပဒေနှင့်ဆန့်ကျင်၍ ထုတ်ယူလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။