မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်းကို အတုပြုလျှင် သို့မဟုတ် ထိုသို့ အတုပြုရာတွင် ပါဝင်သည့်ပြုလုပ်မှုတစ်ခုခုကို သိလျက်နှင့်ပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ရှင်းလင်းချက်။ သူတစ်ဦးသည် အမျိုးအစားတစ်ခုဆိုင်ရာ တံဆိပ်ခေါင်းအစစ်ကို အခြားအမျိုးအစား ဆိုင်ရာတံဆိပ်ခေါင်းအစစ်နှင့် တူအောင်ပြုခြင်းဖြင့် အတုပြုလျှင် ဤပြစ်မှုကို ကျူးလွန်သည်မည်၏။