မည်သူမဆို ဒင်္ဂါးအတုပြုမှုအတွက် သုံးစွဲရန်အလို့ငှာဖြစ်စေ၊ ထိုသို့ သုံးစွဲရန် ကြံရွယ်ကြောင်း သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ ဒင်္ဂါးသွန်းရန် ကိရိယာကို သို့မဟုတ် ဝတ္ထုပစ္စည်းကို လက်ရှိထားလျှင် ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ ဒင်္ဂါးဖြစ်လျှင်။
ထို့ပြင် အတုပြုမည့် ဒင်္ဂါးသည် ပြည်ထောင်စုမြန်မာနိုင်ငံဒင်္ဂါးဖြစ်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။