ပုဒ်မ ၂၄၆
ပုဒ်မ ၂၄၆
လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သောသဘောဖြင့်ဖြစ်စေ၊ ဒင်္ဂါး၏ အလေးချိန်ကို လျှော့ပေါ့ခြင်း သို့မဟုတ် သတ္တုအရောအစပ်ကိုပြောင်းလဲခြင်း

မည်သူမဆို လိမ်လည်လှည့်ဖြားလိုသော သဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ ဒင်္ဂါး၏ အလေးချိန်လျော့အောင် သို့မဟုတ် ဒင်္ဂါး၏ သတ္တုအရောအစပ်ကို ပြောင်းလဲအောင် ဆောင်ရွက်ချက် တစ်ခုခုပြုလျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရှင်းလင်းချက်။ သူတစ်ဦးဦးသည် ဒင်္ဂါးကို ထွင်း၍ ထိုထွင်းသောနေရာတွင် တစ်ခုခုကို ထည့်သွင်းလျှင် ထိုသူသည် ဒင်္ဂါး၏သတ္တုအရောအစပ်ကို ပြောင်းလဲသည်မည်၏။