မည်သူမဆိုပုဒ်မ ၂၄၇ တွင် သို့မဟုတ် ပုဒ်မ ၂၄၉ တွင် ဖော်ပြပါရှိသည့် ပြစ်မှုကိုကျူးလွန်၍ ပြုထား သော ဒင်္ဂါးကို လက်ရှိထားရာ လက်ဝယ်ရစဉ်က ထိုဒင်္ဂါးနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်ပြီးကြောင်း သိလျက် နှင့် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားမှုကို ကျူးလွန်နိုင်စေရန် အကြံ ဖြင့်ဖြစ်စေ ထိုဒင်္ဂါးကို အခြားသူတစ်ဦးသို့ ပေးအပ်လျှင် သို့မဟုတ် အခြားသူတစ်ဦးလက်ခံအောင် သွေးဆောင်ရန် အားထုတ်လျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။