မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်းကို အတုပြုလုပ်မှုအတွက် သုံးစွဲရန် ဖြစ်စေ၊ သုံးစွဲရန် ကြံရွယ်ကြောင်း သိလျက်နှင့် သို့မဟုတ် ယုံကြည်ရန်အကြောင်း ရှိလျက်နှင့်ဖြစ်စေ ကိရိယာကို လုပ်ကိုင်လျှင် သို့မဟုတ် လုပ်ကိုင်ရာတွင် ပါဝင်သည့် ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် သို့မဟုတ် ကိရိယာကို ဝယ်ယူလျှင် သို့မဟုတ် ရောင်းချလျှင် သို့မဟုတ် စီမံခန့်ခွဲလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။