ပုဒ်မ ၂၅၉
ပုဒ်မ ၂၅၉
အစိုးရတံဆိပ်ခေါင်းအတုကို လက်ရှိထားခြင်း

မည်သူမဆို အခွန်ကိစ္စအလို့ငှာ အစိုးရထုတ် တံဆိပ်ခေါင်း၏ အတုဖြစ်ကြောင်း သိလျက်နှင့် ထိုတံဆိပ်ခေါင်းအတုကို တံဆိပ်ခေါင်းအစစ်အဖြစ်ဖြင့်် သုံးစွဲရန် သို့မဟုတ် စီမံ ခန့်ခွဲရန် ကြံရွယ်၍ဖြစ်စေ၊ တံဆိပ်ခေါင်းအစစ်အဖြစ်ဖြင့်် သုံးစွဲရန်ဖြစ်စေ လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ် တစ်မျိုး မျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။