ပုဒ်မ ၂၆၈
အများပြည်သူ နှောင့်ယှက်မှု
ပုဒ်မ ၂၆၉
အသက်အန္တရာယ်ဖြစ်စေတတ်သည့် ကူးစက်တတ်သော ရောဂါမျိုး ပြန့်ပွားစေတန်ရာသည့်ပေါ့လျော့မှု
ပုဒ်မ ၂၇၀
အသက်အန္တရာယ်ဖြစ်စေတတ်သည့်ကူးစက်တတ်သောရောဂါမျိုး ပြန့်ပွားစေတန်ရာသည့် ဘေးသင့်စေမှု
ပုဒ်မ ၂၇၁
ကူးစက်တတ်သော ရောဂါကာကွယ်ရေး(သီးသန့်ထားရှိရေး)နည်းဥပဒေကို မလိုက်နာခြင်း
ပုဒ်မ ၂၇၂
ရောင်းချရန်ကြံရွယ်သောစားဖွယ် သို့မဟုတ် သောက်ဖွယ်ကိုယုတ်ညံ့သောအရာနှင့်ရောခြင်း
ပုဒ်မ ၂၇၃
အန္တရာယ်ဖြစ်စေသော စားဖွယ် သို့မဟုတ် သောက်ဖွယ်ကို ရောင်းချခြင်း
ပုဒ်မ ၂၇၄
ဆေးဖက်ဝင်ဝတ္ထုကို ယုတ်ညံ့သောအရာနှင့်ရောခြင်း
ပုဒ်မ ၂၇၅
ယုတ်ညံ့သောအရာနှင့် ရောထားသည့်ဆေးဖက်ဝင်ဝတ္ထုကို ရောင်းချခြင်း
ပုဒ်မ ၂၇၆
ဆေးဖက်ဝင်ဝတ္ထု တစ်မျိုးကို သို့မဟုတ် ဖော်စပ်ပြီးသော ဆေးတစ်မျိုးကို အခြားဆေးဖက်ဝင်တစ်မျိုး အဖြစ်ဖြင့် ရောင်းချခြင်း
ပုဒ်မ ၂၇၇
အများပြည်သူဆိုင်ရာ စိမ့်စမ်း သို့မဟုတ် ရေလှောင်ကန်မှရေကို ညစ်ညမ်းအောင်ပြုခြင်း
ပုဒ်မ ၂၇၈
ကျန်းမာရေးကို အန္တရာယ်ဖြစ်စေရန် လေကိုတစ်ခုခုပြုခြင်း
ပုဒ်မ ၂၇၉
အများပြည်သူဆိုင်ရာ လမ်းတွင်အရမ်းမောင်းခြင်း သို့မဟုတ် အရမ်းစီးခြင်း
ပုဒ်မ ၂၇၉-က
သွားလာနေသော ယာဉ်ကိုဘေးဖြစ်စေသော အရာဝတ္ထုဖြင့်ပစ်ခတ်ခြင်း
ပုဒ်မ ၂၈၀
ရေယာဉ်ကို အရမ်းဦးစီးသွားလာစေခြင်း
ပုဒ်မ ၂၈၁
မမှန်သောမီးရောင်၊ အမှတ်အသား သို့မဟုတ် ရေကြောင်းပြဗော်ယာကိုပြခြင်း
ပုဒ်မ ၂၈၂
ဘေးမကင်းသောရေယာဉ်ဖြင့်ဖြစ်စေ၊ ဝန်ပိုတင်သော ရေယာဉ်ဖြင့်ဖြစ်စေ ရေလမ်းခရီးတွင်လူကို အခယူ၍ သယ်ယူပို့ ဆောင်ခြင်း
ပုဒ်မ ၂၈၃
အများပြည်သူဆိုင်ရာလမ်းတွင် သို့မဟုတ် အများပြည်သူဆိုင်ရာ ရေယာဉ်သွားလာရာလမ်းကြောင်းတွင် အန္တရာယ်ဖြစ်စေခြင်း သို့မဟုတ် ဟန့်တားခြင်း
ပုဒ်မ ၂၈၄
အဆိပ်ရှိအရာဝတ္ထုနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း
ပုဒ်မ ၂၈၅
မီးနှင့်သို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း
ပုဒ်မ ၂၈၆
ပေါက်ကွဲတတ်သော အရာဝတ္တုနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း
ပုဒ်မ ၂၈၇
စက်ကိရိယာနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း
ပုဒ်မ ၂၈၈
အဆောက်အအုံများကို ဖြိုဖျက်ခြင်း သို့မဟုတ် ပြုပြင်ခြင်းနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း
ပုဒ်မ ၂၈၉
တိရစ္ဆာန်နှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း
ပုဒ်မ ၂၉၀
ပြဋ္ဌာန်းထားခြင်းမရှိသော အချက်တွင် အများပြည်သူဆိုင်ရာ နှောင့်ယှက်မှုအတွက် ပြစ်ဒဏ်
ပုဒ်မ ၂၉၁
တားဝရမ်းထုတ်ဆင့်ပြီးနောက် နှောင့်ယှက်မှုကို ဆက်လက်၍ပြုခြင်း
ပုဒ်မ ၂၉၂
ညစ်ညမ်းသောစာအုပ်စသည်များကို ရောင်းချခြင်းစသည်များ
ပုဒ်မ ၂၉၃
ညစ်ညမ်းသော အရာဝတ္ထုများကို ငယ်ရွယ်သူအား ရောင်းချခြင်း စသည်များ
ပုဒ်မ ၂၉၄
ညစ်ညမ်းသော ပြုလုပ်မှုများနှင့် ညစ်ညမ်းသောသီချင်းများ