မည်သူမဆို ပြုလုပ်မှုတစ်ခုခုကိုပြုခြင်းဖြင့်သော်လည်းကောင်း၊ လက်ရှိဖြစ်သော သို့မဟုတ် အုပ်ထိန်းထားသောပစ္စည်းကို နေရာတကျမထားရှိဘဲ ပျက်ကွက်ခြင်းဖြင့်သော်လည်းကောင်း အများ ပြည်သူ ဆိုင်ရာလမ်းတွင် သို့မဟုတ် အများပြည်သူဆိုင်ရာ ရေယာဉ်သွားလာရာလမ်းကြောင်းတွင် သူတစ်ဦးဦးကို အန္တရာယ်ဖြစ်စေလျှင် သို့မဟုတ် အဟန့်အတားဖြစ်စေလျှင် သို့မဟုတ် နစ်နာစေလျှင် ထိုသူကို ကျပ်နှစ်သောင်းထိ ငွေဒဏ် ချမှတ်ရမည်။