မည်သူမဆို စားဖွယ် သို့မဟုတ် သောက်ဖွယ်တစ်ခုခုကို စားဖွယ် သို့မဟုတ် သောက်ဖွယ်အနေနှင့် ရောင်းချရန်ကြံရွယ်လျက် သို့မဟုတ် ထိုသို့ရောင်းချတန်ရာသည်ကို သိလျက်နှင့် ထိုစားဖွယ် သို့မဟုတ် သောက်ဖွယ်ကို အန္တရာယ်ဖြစ်စေအောင် ယုတ်ညံ့သောအရာနှင့်ရောလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။