မည်သူမဆို ဆေးဖက်ဝင်ဝတ္ထုကို သို့မဟုတ် ဖော်စပ်ပြီးဆေးကို အာနိသင်ယုတ်လျော့အောင် သော်လည်းကောင်း၊ အကျိုးသက်ရောက်ခြင်း ပြောင်းလဲအောင်သော်လည်းကောင်း၊ အန္တရာယ်ဖြစ်စေ အောင် သော်လည်းကောင်း ယုတ်ညံ့သောအရာတစ်ခုခုနှင့် ရောထားကြောင်းသိလျက်နှင့် ထိုသို့ရောထား သော ဆေးဖက်ဝင်ဝတ္ထုကို သို့မဟုတ် ဖော်စပ်ပြီးဆေးကို ယုတ်ညံ့သောအရာနှင့် ရောထားခြင်း မရှိသကဲ့ သို့ ဆေးဝါးကိစ္စအလို့ငှာ ရောင်းချလျှင် သို့မဟုတ် ရောင်းချရန်ကမ်းလှမ်းလျှင် သို့မဟုတ် ရောင်းချရန် ပြသ ထားလျှင် သို့မဟုတ် ဆေးပေးခန်းမှထုတ်ပေးလျှင် သို့မဟုတ် ယုတ်ညံ့သော အရာနှင့်ရောထားကြောင်း မသိသူ တစ်ဦးဦးအား ဆေးဝါးကိစ္စအလို့ငှာ သုံးစွဲစေလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။