မည်သူမဆို အဆောက်အအုံတစ်ခုကို ဖြိုဖျက်ရာတွင် သို့မဟုတ် ပြုပြင်ရာတွင် ထိုအဆောက်အအုံ တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ဒေသဖြစ်စေ ပြိုကျခြင်းကြောင့် လူ့အသက်ကို အန္တရာယ်ဖြစ်ဖွယ်ရှိခြင်းမှ ကာကွယ်ရန် လုံလောက်အောင် ထိုအဆောက်အအုံကို နေရာတကျမဖြိုဖျက်ဘဲ သို့မဟုတ် မပြုပြင်ဘဲ သိလျက်နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ကျပ်တစ်သိန်းထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။