မည်သူမဆို ရေယာဉ်ဦးစီးကို လွဲမှားစေရန် ကြံရွယ်၍သော်လည်းကောင်း၊ လွဲမှားစေတန်ရာသည်ကို သိလျက်နှင့်သော်လည်းကောင်း မမှန်သောမီးရောင်ကို သို့မဟုတ် အမှတ်အသားကို သို့မဟုတ် ရေကြောင်းပြ ဗော်ယာကိုပြလျှင် ထိုသူကို ခုနစ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။