မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ဦးအား နာကျင်စေတန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ အများပြည်သူဆိုင်ရာလမ်းပေါ်၌ ယာဉ်ကိုမောင်းလျှင် သို့မဟုတ် စီးလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။