ပုဒ်မ ၂၉၁
ပုဒ်မ ၂၉၁
တားဝရမ်းထုတ်ဆင့်ပြီးနောက် နှောင့်ယှက်မှုကို ဆက်လက်၍ပြုခြင်း

အများပြည်သူ နှောင့်ယှက်မှုကို ထပ်မံ၍သော်လည်းကောင်း၊ ဆက်လက်၍ သော်လည်းကောင်း မပြုရဟု တားဝရမ်းထုတ်ရန်ဥပဒေနှင့်အညီ အခွင့်အာဏာရှိသော ပြည်သူ့ဝန်ထမ်း၏ တားမြစ်ခြင်းကိုခံရ ပြီးသော မည်သူမဆို အများပြည်သူ နှောင့်ယှက်မှုကိုထပ်မံ၍ သို့မဟုတ် ဆက်လက်၍ပြုလျှင် ထိုသူကို ခြောက်လထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။