ပုဒ်မ ၂၈၀
ပုဒ်မ ၂၈၀
ရေယာဉ်ကို အရမ်းဦးစီးသွားလာစေခြင်း

မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ပါးအား နာကျင်စေ တန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ရေယာဉ်ကို ဦးစီးသွားလာစေလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။