ပုဒ်မ ၂၈၅
ပုဒ်မ ၂၈၅
မီးနှင့်သို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုနှင့်စပ်လျဉ်း၍ ပေါ့လျော့ခြင်း

မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ပါး နာကျင် စေတန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း မီးဖြင့် သို့မဟုတ် မီးလောင်လွယ်သောအရာဝတ္ထုဖြင့် ပြုလုပ်မှုတစ်ခုခုကို အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေပြုလျှင် သို့မဟုတ် မီးကြောင့်သော်လည်းကောင်း၊ မီးလောင်လွယ်သော အရာဝတ္ထုကြောင့် သော်လည်းကောင်း လူ့အသက်အန္တရာယ်ဖြစ်ဖွယ်ရှိခြင်းမှ ကာကွယ်ရန် လုံလောက်အောင် လက်ရှိမီးကို သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုကို နေရာတကျမထားဘဲ သိလျက်နှင့်ဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ပျက်ကွက်လျှင် ထိုသူကို သုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။